Smart City မှာ ကျင်းပပြုလုပ်မယ့် The 2nd Mandalay International Trade Fair & Business Forum 2020

Smart City မှာ ကျင်းပပြုလုပ်မယ့် The 2nd Mandalay International Trade Fair & Business Forum 2020

ရွှေမန္တလေးဆိုတာ မြန်မာနိုင်ငံရဲ့ အထက်ပိုင်းမှာ တည်ရှိပြီးတော့ ယဉ်ကျေးမှုအမွေအနှစ်တွေ အများကြီးထွန်းကားတဲ့ အညာဒေသ ရဲ့ မြို့ကြီးတစ်မြို့ လည်းဖြစ်သလို Smart City အဖြစ်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ အာဆီယံ (၁၀) မြို့ထဲက တစ်မြို့လည်းဖြစ်ပါတယ်။

Smart City အဖြစ်သတ်မှတ်ခံရဖို့ အတွက်အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊လုံလောက်တဲ့စွမ်းအင်စနစ်၊ခေတ်မီအဆောက်အအုံ နဲ့ မြို့ပြအင်္ဂါရပ် တွေကို ICT(Information, Communication Technology), IOT(Internet of Things)စတဲ့ နည်းပညာတွေနဲ့ ပေါင်းစပ် ပြီး မြို့ပြစနစ်တစ်ခု လုံးကိုတည်ဆောက်ရပါတယ်။ ဒီလိုသတ်မှတ်ချက်တွေနဲ့ ပြည့်စုံတဲ့ မန္တလေးရွှေမြို့တော်ကြီးမှာ The 2nd Mandalay International Trade Fair & Business Forum 2020 ကို ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး၊ပြည်ပ ရင်းနှီးမြှုပ်နှံမှု နဲ့ စျေးကွက် ချဲ့ထွင်နိုင်ရေး၊
ဒေသတွင်း ထွက်ကုန်ပစ္စည်းများ ကိုအခြေပြု လုပ်ကိုင်နေကြတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက် လာနိုင်စေရေး ၊ ဒေသအတွင်း မည်သည့်လုပ်ငန်းများ လုပ်ကိုင် နေကြတယ်ဆိုတာ ကို လေ့လာနိုင်ဖို့နဲ့ လူငယ်စွန့်ဦးတီထွင်လုပ်ငန်း ရှင်အမြောက်အများ ပေါ်ပေါက်လာစေရေး၊ စီးပွားရေးအခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးတို့ အတွက် ချစ်ခင်ရင်းနှီးစွာ ပြောဆိုဆွေနွေးကြဖို့ စီစဉ်ထားတဲ့ အခမ်းအနားတစ်ရပ် ဖြစ်တဲ့ The 2nd Mandalay International Trade Fair & Business Forum 2020 ကို မြန်မာနိုင်ငံ အလည်ပိုင်းက ကုန်စည် စီးဆင်းမှု အချက်အချာ ကျတဲ့မြို့ ၊ မန္တလေးမှာ မကြာခင် ကျင်းပပြုလုပ်သွားတော့မှာပါ။

ကုန်စည် စီးဆင်းမှု မြန်ဆန် တဲ့ အချက်အချာနေရာ ၊ လုပ်သားအင်အားအလုံအလောက်နဲ့ လည်ပတ်နေတဲ့ စက်မှု ဇုံတွေ ရှိရာနေရာ၊ ဒေသထွက် အကောင်းဆုံး အစားအစာတွေ ပေါများရာ နေရာ ၊ ဒီလို နေရာမျိုးမှာ The 2nd Mandalay International Trade Fair & Business Forum 2020 ကို ကျင်းပပြုလုပ်သွားမှာ ဖြစ်တဲ့ အတွက် နယ်ပယ်အသီးသီးက လူကြီးမင်းတို့ ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ထွက်ကုန်၊ထုတ်ကုန်တွေ၊အိမ်ခြံမြေ၊ ပညာရေး၊ကျန်းမာရေးနဲ့ နည်းပညာဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတွေ ကို ပြည်သူအများ လွယ်ကူလျင်မြန်စွာ သိရှိနိုင်အောင် ပြသခြင်း၊ဆွေးနွေးခြင်း များပြုလုပ်ခြင်းဖြင့် ပိုမိုတိုးတက်ကောင်းမွန်တဲ့ လူထုအကျိုးပြု စီးပွားရေးနယ်ပယ်တစ်ရပ်ကို အတူတကွ ဖော်ဆောင်နိုင်ဖို့ လာရောက်ခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

The 2nd Mandalay International Trade Fair & Business Forum 2020 နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ကို Mandalay International Trade Fair & Business Forum 2020 ရဲ့ Facebook Page မှာ ထပ်မံဖော်ပြပေးသွားမှာဦးမှာပါ။

Powered by I4B Solutions.

#MRCCI
#Trade_Fair
#Business_Forum
#Mandalay #Smart_City
#2020

Leave a Comment