***** အသိပေးကြေညာခြင်း *****

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ The 2nd Mandalay International Trade Fair & Business Forum 2020 ပွဲကို (၂၀၂၀) ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ Mandalay Convention Center တွင် ကျင်းပသွားရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ဆဲ ဖြစ်ပါသည်။
သို့ရာတွင် ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် လတ်တလောရောဂါဖြစ်ပွားသူ လူနာမရှိသော်လည်း မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားသူများ ရုတ်တရက် တပြိုင်နက်တွေ့ရှိနိုင်ပြီး ပြည်သူများအတွင်း ကူးစက်ဖြစ်ပွားနိုင်ကြောင်း ပြည်သူများထံ ပန်ကြားစာအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
ထို့အပြင် နိုင်ငံတော်၏ အခမ်းအနားအချို့ကိုလည်း ရောဂါဖြစ်ပွားမှု ဟန့်တားနိုင်ရေးအတွက် ရက်ရွှေ့ဆိုင်းကြောင်း သတင်းတွင် ဖော်ပြပါရှိသည့်အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှလည်း Forum ကျင်းပရေးနှင့် ပတ်သက်၍ “ယခုဖြစ်ပေါ်နေသည့် COVID-19 အခြေအနေအရ ဖိုရမ် ကျင်းပမည့် နေ့ရက်အား ဆိုင်းငံ့သင့်ပါကြောင်း” မှတ်ချက်ပြုလာခဲ့ပါသည်။
သို့ဖြစ်ပါ၍ The 2nd Mandalay International Trade Fair & Business Forum 2020 ကျင်းပမည့် နေ့ရက်အား ခေတ္တယာယီဆိုင်းငံ့ထားကြောင်းနှင့် Forum ပြန်လည်ကျင်းပမည့် နေ့ရက်အား ပြန်လည်သတင်းပေး ဖော်ပြပေးမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

Forum ကျင်းပရေး ဦးစီးကော်မတီ
မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း

Leave a Comment